သင်က မြန်မာဘာသာစကား ပြောဆိုပါက၊ အခမဲ့ ဘာသာစကားအကူအညီ ဝန်ဆောင်မှုများကို ရနိုင်ပါသည်။ အသုံးပြုနိုင်သော ဖော်မတ်များဖြင့် အချက်အလက်များ ဖော်ပြပေးရန် သင့်လျော်သော အရန်အကူအညီများနှင့် ဝန်ဆောင်မှုများကိုလည်း အခမဲ့ ရရှိနိုင်ပါသည်။ 844.359.1607 (TTY 711) သို့ဖုန်းခေါ်ပါ သို့မဟုတ် သင်၏ ဆောင်ရွက်ပေးသူနှင့် စကားပြောပါ
Corewell Health သည် ကျန်းမာရေး ပိုမိုကောင်းမွန်စေရေး ဟူသည့် ရည်မှန်းချက်တစ်ခုဖြင့် တည်နေရာများစွာတွင် တည်ရှိနေသော ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဖြစ်သည်။ ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေသော Michigan ပြည်နယ်တစ်ဝန်းတွင် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်မည့် ပိုမိုကောင်းမွန်သော နည်းလမ်းများကို ကျွန်ုပ်တို့ ရှာဖွေနေပါသည်။ လူများ ကျန်းမာရေးပိုကောင်းလျှင် ဘဝနေထိုင်မှုများလည်း ပိုမိုကောင်းမွန်လာသောကြောင့် ဖြစ်သည်။ အကျန်းမာဆုံးသောဘဝကို နေထိုင်ရန်အတွက် လိုအပ်သည့် အရင်းအမြစ်များနှင့် ချိတ်ဆက်ရန် ဤစာမျက်နှာကို အသုံးပြုပါ။
ဤစာမျက်နှာမှတစ်ဆင့် သင်ဝင်ရောက်ကြည့်ရှုသော လင့်ခ်များသည် သင့်ဘရောက်ဇာ၏ ဘာသာစကားဆက်တင်များအပေါ် မူတည်၍ အင်္ဂလိပ်ဘာသာစကားဖြင့် ဖြစ်နေနိုင်ကြောင်း သတိပြုပါ။
အသက်အန္တရာယ်ရှိသော အရေးပေါ်အခြေအနေများအတွက် 911 သို့ အမြဲတမ်း ဖုန်းခေါ်ဆိုပါ သို့မဟုတ် အရေးပေါ်ဌာနသို့ သွားပါ။
အသေးစားဖျားနာမှု များအတွက်
အမြဲပြသရန် လိုအပ်သော ကျန်းမာရေးပြဿနာများအတွက်
အသက်အန္တရာယ်မရှိသော ထိခိုက်ဒဏ်ရာများအတွက်
အသက်အန္တရာယ်ရှိသော ထိခိုက်ဒဏ်ရာများအတွက်
နေထိုင်ကောင်းစေရန်အတွက် အထွေထွေစောင့်ရှောက်မှုကို ရှာဖွေနေသည်ဖြစ်စေ၊ သီးသန့်စောင့်ရှောက်မှုအဖွဲ့ကို လိုအပ်သည့် အထူးစောင့်ရှောက်မှုကို ရှာဖွေနေသည်ဖြစ်စေ နောက်တစ်ဆင့်သို့ တက်လှမ်းရာ၌ ကူညီပေးရန် ကျွန်ုပ်တို့ ဤနေရာ၌ ရှိနေပါသည်။
သင်လိုအပ်သည့် စောင့်ရှောက်မှုကို လိုအပ်သည့်အချိန်တွင် မှန်ကန်သော ပုဂ္ဂိုလ်နှင့် ကျွမ်းကျင်သူများထံမှ ရယူရန်အတွက် နောက်ထပ်အကူအညီများ လိုအပ်ပါက အောက်ပါ ဖုန်းနံပါတ်များတစ်ခုတွင် ကျွန်ုပ်တို့ကို ဆက်သွယ်ပါ-
ကျွန်ုပ်တို့အနေဖြင့် လူတိုင်းအတွက် ခွဲခြားမှုမရှိဘဲ အားလုံးပါဝင်သော စောင့်ရှောက်မှုကို ပေးအပ်ရန် ကတိပြုထားပါသည်။ ကျွန်ုပ်တို့၏ ခွဲခြားဆက်ဆံမှုမရှိရေး မူဝါဒ၊ အခမဲ့ ဘာသာစကား အကူအညီ၊ အထောက်အကူပြု ပစ္စည်းများနှင့် ဝန်ဆောင်မှုများနှင့် တိုင်ကြားမှု ပြုလုပ်ပုံများအကြောင်း လေ့လာပါ။

ကျွန်ုပ်တို့အားလုံးသည် မိမိ ယုံကြည်မှုရှိပြီး မိမိနှင့် ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်သည့် ပုဂ္ဂိုလ် ထံမှ စောင့်ရှောက်မှုကို ရယူပိုင်ခွင့် ရှိပါသည်။ သင့်ဒေသရှိ စောင့်ရှောက်မှုပေးသူကို ရှာဖွေရန် အကူအညီရယူပါ။
သင် သို့မဟုတ် သင့်မိသားစုဝင်တစ်ဦးဦးအနေဖြင့် ဘာသာစကားအကူအည ီ လိုအပ်ပါက အရည်အချင်းပြည့်မီသော ဆေးဘက်ဆိုင်ရာ စကားပြန်များကို အခမဲ့ ရရှိနိုင်ပါသည်။
ရက်ချိန်းမတိုင်မီ စကားပြန်တစ်ဦး တောင်းဆိုရန်အတွက် သင်၏ ဆေးခန်း သို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်ဆက်သွယ်ပါ သို့မဟုတ် 844.359.1607 (TTY 711) သို့ ခေါ်ဆိုပါ

ငွေကြေးမလုံလောက်မှုသည် သင်လိုအပ်သည့် စောင့်ရှောက်မှုကို ရယူရန်အတွက် အတားအဆီးတစ်ခု မဖြစ်သင့်ပါ။ သင့်အနေဖြင့် ငွေကြေ းအကူအညီရယူရန် အရည်အချင်းပြည့်မီခြင်းရှိမရှိကို သိရှိရန် သို့မဟုတ် ငွေပေးချေမှု ရွေးချယ်စရာများကို ငွေကြေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် ဆွေးနွေးရန် 844.838.3115 သို့ ခေါ်ဆိုပါ
ကျွန်ုပ်တို့၏ MyChart အက်ပ်သည် ကွန်ပျူတာ သို့မဟုတ် စမတ်ဖုန်းမှတစ်ဆင့် သင့်ကျန်းမာရေးကို စီမံခန့်ခွဲနိုင်ရန် ကူညီပေးပါသည်။

